ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုကျိုမှာ ပူလို့ အစိုးရဝန်ထမ်းတွေ ဘောင်းဘီတိုဝတ်ခိုင်း
တိုကျိုမှာ ပူလို့ အစိုးရဝန်ထမ်းတွေ ဘောင်းဘီတိုဝတ်ခိုင်း
ရေးသားခဲ့သည်။
ဂျပန်မှာ နွေရာသီအပူချိန်တွေတိုးမြင့်နေတာကြောင့် တိုကျိုအစိုးရက ဝန်ထမ်းတွေရုံးတက်ရင် ပုံမှန်ဝတ်နေကျ ဝတ်စုံအပြည့်အစား ပေါ့ပါးတဲ့ တီရှပ်နဲ့ ဘောင်းဘီတိုလိုမျိုး ဝတ်ကြဖို့ တိုက်တွန်းထားပါတယ်။ “Tokyo Cool Biz” လို့ နာမည်ပေးထားတဲ့ အစီအစဥ်ကို ဧပြီလက စလုပ်ခဲ့တာပါ။ ပူလောင်နေတဲ့အချိန် ပေါ့ပေါ့ပါးပါးဝတ်ရတာ အဆင်ပြေတယ်လို့ ပြောသူတွေရှိသလို အမျိုးသမီးတွေကတော့ သူတို့ကျ ခြေသလုံးဖုံးတဲ့ ခြေစွပ်တွေဝတ်နေရဆဲမို့ မမျှတဘူးလို့ မြင်ကြသူတွေလည်း ရှိပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဂျပန် #ရာသီဥတု #အပူချိန် #ဝတ်စားဆင်ယင်မှု