ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်နဲ့ စပိန်မှာ တောမီးကြောင့် လူသိန်းချီ မီးဘေးရှောင်
ပြင်သစ်နဲ့ စပိန်တလွှားမှာတောမီးတွေ ဆက်လက်လောင်ကျွမ်းနေပါတယ်။ မီးသတ် သမားတွေကလည်း ဒီသီတင်းပတ် နှောင်းပိုင်း အပူချိန်တွေ ပြန်တက်မလာခင်မှာ မီးကို ထိန်းနိုင်ဖို့အတွက်ကြိုးစား နေကြရပါတယ်။ နှစ်နိုင်ငံ စလုံးမှာလည်း တောမီးဘေးက လွတ်ဖို့ အတွက် လူပေါင်း ၃ သိန်းလောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ စပိန်မှာဆို မြို့တော် မဒရစ်နဲ့ အနီးမှာ စတုရန်း ကီလိုမီတာ ၅၀၀ နီးပါး တောမီးထဲ ပါသွားခဲ့ပါတယ်။ ဒါဟာ စပိန်နိုင်ငံ့သမိုင်းမှာ အကြီးမားဆုံး တောမီးလို့ ဆိုပါတယ်။ ပြင်သစ်မှာလည်း တောမီးဟာ နိုင်ငံအနောက်တောင်ပိုင်းက ဘောဒိုးမြို့အနီးကိုပါ တောမီးတွေ ချဉ်းကပ်လာနေပြီ ဖြစ်တာကြောင့် သမ္မတ မက္ကရွန်းက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရပါတယ်။ ဘီဘီစီရဲ့ ဥရောပ ရေးရာ သတင်းထောက် ဆာရာရိန်းစ်ဖို့ဒ် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။