ထိုင်းရဲ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်လာရောက်

ထိုင်းရဲ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်လာရောက်
ရေးသားခဲ့သည်။

ထိုင်းစစ်အစိုးရလက်ထက် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟောင်း ပိုင်ဘွန်ခွန်ချာရာနဲ့ ထိုင်းရဲတပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်အစိုးရရဲ့ အတိုင်ပင်ခံကောင်စီအပါအဝင် ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ကို ဇူလိုင်လ ၂၅ ရက်နေ့မှာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းဘက်ကတော့ သူတို့အလိုရှိသူတွေကို ဖမ်းဆီးပေးနိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအပြန်အလှန်ဆွေးနွေးမှုတွေကနေ ထိုင်းမြေက တော်လှန်ရေးအဖွဲ့တွေ အပေါ် သက်ရောက်မှုတွေရှိလာမှာကို စိုးရိမ်နေကြတာမျိုးလည်း ရှိနေကြပါတယ်။ မြန်မာဘက်က ဘာတွေတောင်းဆိုခဲ့ပါသလဲ။ အပြည့်အစုံကို ကိုမိုးမြင့်က ပြောပြမှာပါ။