BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာထဲတိမ်းရှောင်နေတဲ့မူးယစ်ဂိုဏ်းတွေကို ဖမ်းပေးဖို့ ထိုင်းရဲတပ်ဖွဲ့က နေပြည်တော်ကိုပြော
ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး တဲ့ သတင်းအပါအဝင် ဇူလိုင် ၂၇ နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာရထားပေါ်က အငြင်းပွားဖွယ်ခရီးသွားများ
မြန်မာမှာ တွဲအသစ်တွေနဲ့ ပြေးဆွဲနေတဲ့ DEMU ရထားခရီးစဉ်တွေပေါ်က ခရီးသည်အချို့ရဲ့ စိတ်အနှောက်အယှက်ဖြစ်စရာအပြုအမူတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားလာကြပါတယ်။ အများပြည်သူအသုံးပြုတဲ့ဝန်ဆောင်မှုတွေမှာ တာဝန်ယူမှုနဲ့ စည်းကမ်းလိုက်နာမှုအကြောင်းတွေဟာလည်း ဆွေးနွေးစရာ ခေါင်းစဉ်ဖြစ်လာပါတယ်။
ဇူလိုင် ၂၆ ရက်သတင်းများအနှစ်ချုပ်- AA ခေါင်းဆောင်နဲ့ SCEF တို့ အွန်လိုင်းကနေ ဆွေးနွေး
မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်ကားလမ်းပိုင်းမှာရှိတဲ့ ရွှေပန်းရဲစခန်းနဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF ကတိုက်ခိုက်တဲ့သတင်းအပါအဝင် ဇူလိုင် ၂၆ ရက်သတင်းတွေကိုစုစည်း တင်ဆက်ပေးနေပါတယ်။
ပညာရေးဝန်ကြီးနုတ်ထွက်လို့ အိန္ဒိယလူငယ်တွေရဲ့ဆန္ဒပြပွဲရပ်ဆိုင်း
အိန္ဒိယမှာ ပညာရေးဝန်ကြီး နုတ်ထွက်ခဲ့အပြီး လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုကြီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
KNLA စစ်ဦးစီးချုပ်အပြောင်းအလဲနဲ့ စစ်ရေးအလားအလာ
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက “အဖူးဘော” လို့ ခေါ်ဝေါ်တဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ စစ်ဦးစီးချုပ်အသစ်ဖြစ်လာပြီးနောက် သုံးသပ်ချက်အမျိုးမျိုးထွက်လာပါတယ်။
ပိုးဟပ်ပါတီဆန္ဒပြမှု - ဝန်ကြီးချုပ် မိုဒီ မမျှော်လင့်ထားတဲ့ အိန္ဒိယလူငယ်ထုရဲ့ လှုပ်ရှားမှု
စာမေးပွဲမေးခွန်းပေါက်ကြားမှုကနေ စတင်ခဲ့တဲ့ CJP ဆန္ဒပြလှုပ်ရှားမှု ဘာကြောင့် အိန္ဒိယရဲ့ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ကျောင်းသားလှုပ်ရှားမှု ဖြစ်လာတာလဲ
ရက် ၁၀၀ အတွင်း ဦးမင်းအောင်လှိုင် ဘာလုပ်နိုင်ခဲ့လဲ
ဦးမင်းအောင်လှိုင်အစိုးရရဲ့ ပထမဆုံး ရက် ၁၀၀ ကို နိုင်ငံရေးအကဲခတ်တွေကတော့ အောင်မှတ်မပေးကြပါဘူး။
ကိုးကန့်တပ်နဲ့ 'ဝ' တပ်-နေပြည်တော်ခရီးနဲ့တရုတ်တွန်းအား
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်အတွင်း မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
''မနက် ၃ နာရီမှာ တရေးနိုးတာ ဘာကြောင့်လဲ''
အွန်လိုင်းပေါ်မှာတော့ မနက် ၂ နာရီ၊ ၃ နာရီလောက်မှာ နိုးလာရတဲ့ အကြောင်းရင်းကို စိတ်ဖိစီးမှု၊ ဟော်မုန်းပြောင်းလဲမှု၊ သတိရှိရှိထားတတ်မှုစတဲ့ အကြောင်းပြချက်တွေကနေ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေအထိ အမျိုးမျိုး ရှင်းပြထားတာတွေကို တွေ့ရပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ချောက် PDF ၂၀ ကျော် သေဆုံးမှု ဘယ်လိုဖြစ်ခဲ့တာလဲ
ချောက်မြို့နယ်တောင်ပိုင်းမှာ ရဲကွန်မန်ဒိုစစ်ကြောင်းနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် ကျဆုံးခဲ့ပြီး စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ပြန်လည်သယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သမ္မတအာဏာစက်ကို ပိုကျယ်ပြန့်စေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်
ပြင်ဆင်ချက်အများစုဟာ အရင် လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့ အချက်တွေနဲ့ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။
ဒေါက်တာဖေဉာဏ် - ဗိုလ်ချုပ်ကြီးတွေရဲ့အခါတော်ပေး အသတ်ခံရခြင်း
စစ်ခေါင်းဆောင်တွေကို အခါတော်ပေးခဲ့ရုံသာမကဘဲ မြန်မာလူထုရဲ့ ထုံးတမ်းစဥ်လာနဲ့ နေ့စဥ်ဘဝတွေကို ပုံဖော်နေတဲ့ မြန်မာပြက္ခဒိန်တွေရဲ့နောက်ကွယ်မှာ သြဇာကြီးမားသူအဖြစ် ဒေါက်တာဖေဉာဏ်က ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပါတယ်။
မြန်မာ့''စိန်တစ်လုံး" သရက်ဈေးကွက်ကို တရုတ်ဘယ်လိုဝင်ယူလာသလဲ
တရုတ်စားသုံးသူတွေကြား "သရက်ဘုရင်" လို့ လူသိများခဲ့တဲ့ မြန်မာ့စိန်တလုံးသရက်ဟာ နှစ် ၂၀ သက်တမ်းနီးပါးကိုအရောက်မှာ စျေးကွက်ဝေစုခွဲဝေပေးရတဲ့ဖိအားအပြင် စိန်ခေါ် ချက်အချို့နဲ့ကြုံနေရပါတယ်။
ရခိုင့်တော်လှန်ရေးထဲက အေအေနဲ့ အကျိုးစီးပွားယှက်နွှယ်မှုတွေ
တော်လှန်ရေးအဖွဲ့ကနေ အုပ်ချုပ်သူတွေ ဖြစ်လာတဲ့အခါ အုပ်ချုပ်ခံလူထုနဲ့ အေအေတို့ကြားမှာ ပွတ်တိုက်မှုတွေရှိလာနေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































